Author Archives: Aye Kyimann
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအချိန်အထိ အထက (သစ်ရာမြိုင်) ကျွန်းလှမြို့ရှိ ကျောင်းသူ/ ကျောင်းသား (၃၀၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပေး ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်-သံတွဲခရိုင် ဂွမြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု ရမ္မာကျွန်းကျေးရွာတွင် (၂၆.၇.၁၉)ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီးတဲအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ငွေ (၁)အိမ်လျှင် (၁၀၀၀၀၀/-)နှုန်းဖြင့် (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၁၀)လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀/-)ကျပ်နှုန်းဖြင့်(၁၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး တစ်ပတ်စာလူဦးရေ (၄၇)ဦးအတွက် (၉၈၇၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု (၂)စုစာ တန်ဖိုးငွေ (၈၀၇၀၆) ကျပ်၊ စုစုပေါင်း (၅၇၉၄၀၆/-)ကျပ်တို့အား (၆.၈.၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၈.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သံတွဲခရိုင် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ကျေးရွာဘုန်း တော်ကြီးကျောင်းတွင် ကျေးရွာသူ/သားများ(၇၅)ဦးခန့်အား ဥတုပြောင်းလဲလာမှို၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ သံတွဲခရိုင်သံတွဲမြို့၊ အထက(ခွဲ)မြို့မကျောင်း တွင် ကျောင်းသူ/သားများ၊ ဆရာ၊ ဆရာမစုစုပေါင်း (၁၅၀) ဦးအား ရာသီဥတုပြောင်းလဲလာမှုငလျင် ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေး ဖြစ်ပွားမှု၊ မိုးကြိုးဘေး အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ရေသိုးကျေးရွာတွင် (၇-၈-၂၀၁၉)နေ့တွင် လေဘေးသင့်ပြိုလဲ ဝါးအိမ် (၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၂)ဦးနှင့် ခတ္တူကျေးရွာအုပ်စု ခတ္တူရွာသစ်စုကျေးရွာတွင် (၈-၈-၂၀၁၉)နေ့လေဘေးသင့် အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးတို့အတွက် (၃၃၈၅၃)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တစ်အိမ်ထောင်စာနှင့် (၃၂၃၅၃)တန်ဖိုးရှိ သော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တစ်အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၄၇၀၀)ကျပ်ကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ … Read more
-
မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဒုံသမိမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေး စခန်း (၄)ခုသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၄၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၈၆၅,၂၀၀/-) ကျပ်တို့ကို (၈.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့တွင် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကျွဲခြံကျေးရွာ၊ အဟောက်ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၅၄,၆၀၀/-)၊ စုစုပေါင်း (၆၅၄,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု (၆)စုစာ (တန်ဖိုးငွေ-၂၂၁,၂၆၈/-)ကျပ်အား လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၂၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၂၈,၀၀၀/)ကျပ်၊ လူဦးရေ(၁၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၂၃၅,၂၀၀/-)ကျပ်၊ စုစုပေါင်း( ၂,၄၁၇,၈၀၀/-)ကျပ်နှင့် ဒဏ်ရာရလူနာ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုံးအိမ်စုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၀,၀၀၀/-)၊ လူဦးရေ(၃၃)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၆၉,၃၀၀/-)၊ စုစုပေါင်း(၆၆၉,၃၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု(၆)စုစာ (တန်ဖိုးငွေ-၂၂၄,၁၁၈/-)နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၇၅,၀၀၀/-)ကျပ်၊ လူဦးရေ(၄၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်း(၇၆၃,၂၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘာသာရေးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၃၂,၅၀၀/-) အား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့၊ အမက(၅) ငပလီ လမ်းကျောင်းတွင် ကျောင်းသူ/သားများ၊ ဆရာ၊ ဆရာမများစုစုပေါင်း (၆၀)ဦးတို့အား ရာသီဥတုပြောင်းလဲလာမှုငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ ရှောင်ရန်အချက်များဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ လိပ်သစ်ကျေးရွာ၊ ဆားချက်ကျေးရွာအုပ်စု၊ ပုံကမာကျေးရွာနှင့် သိပ္ပံကုန်း ကြီးကျေးရွာ၊ မြစ်ပေါက်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာ၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာ၊ သပြုကုန်း ကျေးရွာအုပ်စု၊ တောင်ကုန်းကြီးကျေးရွာတို့၌ (၂.၈.၂၀၁၉)ရက်နေ့မှ (၆.၈.၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ(၄၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၀၀,၈၀၀/)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၉၀၀,၀၀၀)၊ စုစုပေါင်း(၁,၀၀၀,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၉)အိမ်ထောင်စာတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more
