သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

9_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ သံတွဲခရိုင်သံတွဲမြို့၊ အထက(ခွဲ)မြို့မကျောင်း တွင် ကျောင်းသူ/သားများ၊ ဆရာ၊ ဆရာမစုစုပေါင်း (၁၅၀) ဦးအား ရာသီဥတုပြောင်းလဲလာမှုငလျင် ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေး ဖြစ်ပွားမှု၊ မိုးကြိုးဘေး အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#rke_aug2019

Source:   သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events