လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ လိပ်သစ်ကျေးရွာ၊ ဆားချက်ကျေးရွာအုပ်စု၊ ပုံကမာကျေးရွာနှင့် သိပ္ပံကုန်း ကြီးကျေးရွာ၊ မြစ်ပေါက်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာ၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာ၊ သပြုကုန်း ကျေးရွာအုပ်စု၊ တောင်ကုန်းကြီးကျေးရွာတို့၌ (၂.၈.၂၀၁၉)ရက်နေ့မှ (၆.၈.၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ(၄၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၀၀,၈၀၀/)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၉၀၀,၀၀၀)၊ စုစုပေါင်း(၁,၀၀၀,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၉)အိမ်ထောင်စာတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၉.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2019
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)