လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ရေသိုးကျေးရွာတွင် (၇-၈-၂၀၁၉)နေ့တွင် လေဘေးသင့်ပြိုလဲ ဝါးအိမ် (၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၂)ဦးနှင့် ခတ္တူကျေးရွာအုပ်စု ခတ္တူရွာသစ်စုကျေးရွာတွင် (၈-၈-၂၀၁၉)နေ့လေဘေးသင့် အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးတို့အတွက် (၃၃၈၅၃)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တစ်အိမ်ထောင်စာနှင့် (၃၂၃၅၃)တန်ဖိုးရှိ သော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တစ်အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၄၇၀၀)ကျပ်ကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_aug2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)