လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်-သံတွဲခရိုင် ဂွမြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု ရမ္မာကျွန်းကျေးရွာတွင် (၂၆.၇.၁၉)ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီးတဲအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ငွေ (၁)အိမ်လျှင် (၁၀၀၀၀၀/-)နှုန်းဖြင့် (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၁၀)လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀/-)ကျပ်နှုန်းဖြင့်(၁၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး တစ်ပတ်စာလူဦးရေ (၄၇)ဦးအတွက် (၉၈၇၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု (၂)စုစာ တန်ဖိုးငွေ (၈၀၇၀၆) ကျပ်၊ စုစုပေါင်း (၅၇၉၄၀၆/-)ကျပ်တို့အား (၆.၈.၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကျိန္တလီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ခရီးစဉ်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#rke_aug2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)