လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့၊ အမက(၅) ငပလီ လမ်းကျောင်းတွင် ကျောင်းသူ/သားများ၊ ဆရာ၊ ဆရာမများစုစုပေါင်း (၆၀)ဦးတို့အား ရာသီဥတုပြောင်းလဲလာမှုငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ ရှောင်ရန်အချက်များဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#rke_aug2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)