လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

9_Pic_01 9_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုံးအိမ်စုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၀,၀၀၀/-)၊ လူဦးရေ(၃၃)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၆၉,၃၀၀/-)၊ စုစုပေါင်း(၆၆၉,၃၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု(၆)စုစာ (တန်ဖိုးငွေ-၂၂၄,၁၁၈/-)နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၇၅,၀၀၀/-)ကျပ်၊ လူဦးရေ(၄၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်း(၇၆၃,၂၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘာသာရေးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၃၂,၅၀၀/-) အား (၇.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mon_aug2019

Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events