Author Archives: Hlaing ChoOo
-
လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၁၇) ရက်နေ့မှ (၁၅-၃-၂၀၁၇) ရက်နေ့အထိ (၃) ရက်တိတိ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွာတန်းအုပ်စုနှင့် ညောင်အုပ်ဖီးအုပ်စုများ တွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး လေဘေး ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ပါသည်။ လေပြင်းဒဏ်မခံနိုင်သော ကိုယ်တိုင် ပြုပြင်ရန် အခက်အခဲရှိသော (၃၁၁) အိမ်အား တိုင်းဒေသကြီးဦးစီးမှူး (ကဆရ)၊ သဘာဝဘေးတုံ့ပြန် ဆောင်ရွက်ရေးပရဟိတအဖွဲ့ (မန္တလေး) နှင့် ဝမ်းတွင်းမြို့ဒေသခံပရဟိတအသင်းများပူးပေါင်း၍ ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၇) ရက်နေ့၌ မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီးကျေးရွာအုပ်စုနှင့် ဒိုင်းကျေးရွာအုပ်စုများတွင် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး လေဘေးကြိုတင်ကာကွယ်ရေး လက်ကမ်း စာစောင်များလည်း ဝေငှပေးခဲ့ပါသည်။ လေပြင်းဒဏ်မခံနိုင်သော ကိုယ်တိုင်ပြုပြင်ရန် အခက်အခဲရှိသော အိမ် (၁၅၅) အိမ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ၊ တိုင်းဒေသကြီးဦးစီးမှူး (ကဆရ)၊ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပရဟိတအသင်းများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများနှင့် ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းလမ်းညွှန်ချက်ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမှုသတင်း
နေပြည်တော်၊ မတ်လ (၁၃)၊ ၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ UNFPA နှင့် FXB အဖွဲ့တို့ ပူးပေါင်း၍ ကျင်းပသော ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာအမျိုးသားအဆင့် စံလုပ်ငန်းလမ်းညွှန်ချက် ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ မိမိတို့ဝန်ကြီးဌာနသည် ကျား/မအခြေပြုအကြမ်းဖက်မှုများတွင် အမျိုးသမီးများ၏ ကျန်းမာရေး၊ လူမှုရေး၊ တရားစီရင်ရေးကဏ္ဍများ၌ ထိရောက်ပြီး ပြီးပြည့်စုံသော တုံ့ပြန် ဆောင်ရွက်မှုများ၊ လုပ်ငန်းစဉ်များလုပ်ဆောင်ပေးရန်တာဝန်ရှိကြောင်း၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien က တာဝန်ပေးအပ်ထားသည့် အကြံပေးပုဂ္ဂိုလ် Mr. Richard Horsey နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
နေပြည်တော်၊ မတ်လ (၁၃)၊ ၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien က တာဝန်ပေးအပ်ထားသည့် အကြံပေးပုဂ္ဂိုလ် Mr. Richard Horsey နှင့်အဖွဲ့က ဝန်ကြီးရုံး မေခလာခန်းမတွင် (၁၀:၃၀) နာရီက လာရောက်တွေ့ဆုံခဲ့ပါသည်။ လာရောက်တွေ့ဆုံရသည့်ရည်ရွယ်ချက်မှာ Mr. Richard Horsey အနေဖြင့် အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် တတိယ လူအမြင်ဖြင့် သုံးသပ်နိုင်ရေး လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။ တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ … Read more
-
ပဲခူးမြို့နယ်၊ ဝါမရမ်းကျေးရွာအုပ်စု၊ ဝါးမရမ်းကျေးရွာမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ဝါမရမ်းကျေးရွာအုပ်စု၊ ဝါးမရမ်းကျေးရွာ၌ (၁၁-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ် (၁) အိမ်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃,၆၀၀) စုစုပေါင်း (၁၀၃,၆၀၀) ကျပ်တို့အား (၁၃-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တို့၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ အထက်ပေကုန်းကျေးရွာ၌ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူဦးရေ (၁၀၈) ဦးခန့်နှင့် အောက်ဝဲဒေါင့်ကျေးရွာ၌ (၁၃:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူဦးရေ (၁၉၂) ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ နံရံကပ်ပိုစတာများ … Read more
-
သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် ရန်လုံကျိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၇) ဦးနှင့် ကိုးကန့်ယာဉ်ထိန်းရုံးမှ ရဲတပ်ဖွဲ့ဝင် (၁) ဦး စုစုပေါင်း (၈) ဦးအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၈၀၀,၀၀၀) ကျပ်အား (၁၄-၃-၂၀၁၇) ရက်နေ့တွင် မန်ဆူရှမ်းဘုန်းကြီးကျောင်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် IOM (International Organization for Migration ) အဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် (၁၃-၃-၂၀၁၇) ရက်နေ့၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလမှာ (၁၃-၃-၂၀၁၇) ရက်နေ့မှ (၁၇-၃-၂၀၁၇) ရက်နေ့အထိ (၅) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ(မြို့နယ်အဆင့် အရာထမ်း/ အမှုထမ်း) များ (၃၂) ဦးအပါအဝင် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) … Read more
-
သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် သေဆုံးခဲ့ရသော မောင်ဝေယံထွန်းနှင့် ဇနီး မဗျာမီး တို့အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်တို့အား လားရှိုးမြို့၊ရပ်ကွက် (၁၂) ၌ နေထိုင်သော ၄င်းတို့၏မိဘများထံသို့ (၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လားရှိုးမြို့၊ အောင်ဆုပန်ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်သံဃာတော်များအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော ဗဟိုသာသနာပြုဌာနမှ တိုက်ပွဲရှောင်သံဃာတော် (၄၂) ပါးအတွက် ကျပ် (၁၂၀,၂၀၀) တန်းဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာများအား (၁၀-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
