လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း

14 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၇) ရက်နေ့၌ မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီးကျေးရွာအုပ်စုနှင့် ဒိုင်းကျေးရွာအုပ်စုများတွင် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး လေဘေးကြိုတင်ကာကွယ်ရေး လက်ကမ်း စာစောင်များလည်း ဝေငှပေးခဲ့ပါသည်။ လေပြင်းဒဏ်မခံနိုင်သော ကိုယ်တိုင်ပြုပြင်ရန် အခက်အခဲရှိသော အိမ် (၁၅၅) အိမ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ၊ တိုင်းဒေသကြီးဦးစီးမှူး (ကဆရ)၊ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပရဟိတအသင်းများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများနှင့် ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events