ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တို့၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ အထက်ပေကုန်းကျေးရွာ၌ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူဦးရေ (၁၀၈) ဦးခန့်နှင့် အောက်ဝဲဒေါင့်ကျေးရွာ၌ (၁၃:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူဦးရေ (၁၉၂) ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)