လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း

14 Pic 04 14 Pic 05လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၁၇) ရက်နေ့မှ (၁၅-၃-၂၀၁၇) ရက်နေ့အထိ (၃) ရက်တိတိ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွာတန်းအုပ်စုနှင့် ညောင်အုပ်ဖီးအုပ်စုများ တွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး လေဘေး ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ပါသည်။ လေပြင်းဒဏ်မခံနိုင်သော ကိုယ်တိုင် ပြုပြင်ရန် အခက်အခဲရှိသော (၃၁၁) အိမ်အား တိုင်းဒေသကြီးဦးစီးမှူး (ကဆရ)၊ သဘာဝဘေးတုံ့ပြန် ဆောင်ရွက်ရေးပရဟိတအဖွဲ့ (မန္တလေး) နှင့် ဝမ်းတွင်းမြို့ဒေသခံပရဟိတအသင်းများပူးပေါင်း၍ ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events