လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien က တာဝန်ပေးအပ်ထားသည့် အကြံပေးပုဂ္ဂိုလ် Mr. Richard Horsey နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

နေပြည်တော်၊ မတ်လ (၁၃)၊ ၂၀၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien က တာဝန်ပေးအပ်ထားသည့် အကြံပေးပုဂ္ဂိုလ် Mr. Richard Horsey နှင့်အဖွဲ့က ဝန်ကြီးရုံး မေခလာခန်းမတွင် (၁၀:၃၀) နာရီက လာရောက်တွေ့ဆုံခဲ့ပါသည်။ လာရောက်တွေ့ဆုံရသည့်ရည်ရွယ်ချက်မှာ Mr. Richard Horsey အနေဖြင့် အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် တတိယ လူအမြင်ဖြင့် သုံးသပ်နိုင်ရေး လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။ တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းစနစ်များဖြင့် လူ့ဂုဏ်သိက္ခာပြည့်ဝပြီး ဒီမိုကရေစီစံနှုန်းများနှင့်ညီညွှတ်သော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေး အထောက် အကူပြုဆောင်ရွက်ပေးမှုများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူ့အသိုက်အဝန်းဖြစ်လာစေရေးအတွက် ထိရောက် သော သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်မှုအခြေအနေများ၊ ယင်းမူဝါဒများ အောင်မြင်အောင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်မှုအ‌ခြေအနေများ ရခိုင်ပြည်နယ်၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ်တာဝန် ယူပြီးချိန်မှစ၍ ယခုအချိန်အထိဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရမှုမတိုင်မီနှင့် ၎င်းဖြစ်ရပ်အပြီး နိုင်ငံတော်အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်မှုအခြေအနေများ၊ ပြည်ထောင်စု ဝန်ကြီးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရန် အစီအစဉ်များနှင့် ရှေ့ဆက်၍ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို အစိုးရနှင့်ကုလသမဂ္ဂအဖွဲ့များ ဆောင်ရွက်ခဲ့မှုများအပေါ်သုံးသပ်၍ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး လူသားချင်းစာနာမှုလုပ်ငန်း (Humanitarian Assistance) နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development Task) များကို သီးခြားစီမဆောင်ရွက်ဘဲ ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရေးအတွက် နည်းလမ်းဖော်ထုတ်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events