Author Archives: Hlaing ChoOo

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၌ (၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၇၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၆) အိမ်ထောင်စာ၊ လိုအပ်သော သွပ်အချပ်ရေ (၄၅၀) မှ သွပ်အချပ်ရေ (၃၀၀) သာပါရှိသည့် အတွက် လိုအပ်ချက်ရှိသော သွပ်ချပ်ရေ (၁၅၀) အား သွပ်ချပ် … Read more

  • ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များနှင့် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင် UNDP,UNICEF,UNV အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များနှင့် မိတ်ဆက်ပွဲအခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မော်လမြိုင်မြို့မှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးနှင့် ချောင်းဆုံမြို့နယ်မှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာများအား လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ရေနီကျေးရွာမှ အိမ်ထောင်စု (၃) စုနှင့် သံပုရာကျေးရွာမှ အိမ်ထောင်စု (၃) စု လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စုစာတို့အား (၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိကောင်းစရာများအား ဆွေးနွေးပြောကြားခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်များအကြောင်း ပြောကြားခြင်း၊ ယာဉ်ထိန်းရဲမှ ယာဉ်အန္တရာယ်များအကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ကျော်ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

  • မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UN Habitat အဖွဲ့တို့ပူးပေါင်း၍ (၂၈-၃-၂၀၁၇) ရက်နေ့မှ (၁-၄-၂၀၁၇) ရက်နေ့အထိ ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းဆင်းပွဲအား (၁-၄-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးနှင့် UN Habitat မှ တာဝန်ရှိသူတို့မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာအတွင်းရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဇီးကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၆၉) စုနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ရာ အိမ်ထောင်စု (၁) စုလျှင် (၅၀,၀၀၀) ကျပ်နှုန်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၆၀,၀၀၀) ကျပ်နှုန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃,၅၁၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၆၉) အိမ်ထောင်စုစာတို့အား (၃၁-၃-၂၀၁၇) ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် သွာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာအုပ်စု၊ ဟံသာဝတီကျေးရွာနှင့် ကုက္ကားကျေးရွာ၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးအရှေ့ကျေးရွာ၊ နှမ်းခါး ကျေးရွာအုပ်စု၊ နှမ်းခါးကျေးရွာ စသည့် ကျေးရွာ (၄) တို့၌ (၂၅-၃-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ထောင်စု(၃၅) စု၊ ဘေးသင့်လူဦးရေ (၁၄၄) ဦးအား အိမ်ဆောက် ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၁၂၉,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၃၁-၃-၂၀၁၇) ရက်နေ့တွင် ဂန့်ဂေါမြို့နယ် … Read more

Sign Up

Upcoming Events