လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာအုပ်စု၊ ဟံသာဝတီကျေးရွာနှင့် ကုက္ကားကျေးရွာ၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးအရှေ့ကျေးရွာ၊ နှမ်းခါး ကျေးရွာအုပ်စု၊ နှမ်းခါးကျေးရွာ စသည့် ကျေးရွာ (၄) တို့၌ (၂၅-၃-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ထောင်စု(၃၅) စု၊ ဘေးသင့်လူဦးရေ (၁၄၄) ဦးအား အိမ်ဆောက် ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၁၂၉,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၃၁-၃-၂၀၁၇) ရက်နေ့တွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events