စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း

6 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၌ (၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၇၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၆) အိမ်ထောင်စာ၊ လိုအပ်သော သွပ်အချပ်ရေ (၄၅၀) မှ သွပ်အချပ်ရေ (၃၀၀) သာပါရှိသည့် အတွက် လိုအပ်ချက်ရှိသော သွပ်ချပ်ရေ (၁၅၀) အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၃၆၀,၀၀၀) ကျပ်နှင့် သွပ်ချပ်ရေ (၁၀) ချပ်အောက် အမိုးလန်နေအိမ် (၁၅) လုံးအတွက် (၁၀,၀၀၀) နှုန်းဖြင့် (၁၅၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၁၀,၀၀၀) ကျပ်တို့အား (၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events