ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့်မူဘောင်စာအုပ် မိတ်ဆက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား မှုသတင်း

နေပြည်တော်၊ ၃၁-၃-၂၀၁၇                                                           

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးဒဏ် ခံစားရသော ပြည်သူလူထုအတွက် ကောင်းမွန်သော လူနေမှုဘဝပြန်လည်ရရှိစေရေးနှင့် ဘေးဒဏ် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး မူဝါဒများချမှတ်ပြီး ပြည်သူကို ဗဟိုပြုသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါ သည်။

ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့် မူဘောင် စာအုပ် မိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Park  Royal Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ရပ်ရွာ လူထုက ဦးဆောင်ဦးရွက်ပြုပြီး လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုနှင့် ပြန်လည်တုံ့ပြန်နိုင်စွမ်းများ ပိုမိုအားကောင်းလာစေဖို့ အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝဘေးအမျိုးမျိုးကြောင့် ဆုံးရှုံးမှု မြောက်များစွာကိုခံစားခဲ့ရပြီး ဖွံ့ဖြိုးမှုအသီးအပွင့်များကိုလည်း  ထိခိုက်စေခဲ့ပါကြောင်း၊ ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနဲ့ အရင်းအမြစ်များ၊ ကြိုးပမ်း အားထုတ်မှုများကို တစ်သားတည်းကျအောင် ပေါင်းစည်းဆောင်ရွက်ဖို့ အရေးကြီးပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်း တစ်ခုတည်းဖြင့် ရပ်ရွာလူထု၏ ပြဿနာများကို ရေရှည်‌ဖြေရှင်း ပေးနိုင်မှာမဟုတ်ကြောင်း၊ ယနေ့ မိတ်ဆက်သည့် မူဘောင်တွင် ရပ်ရွာလူထုဦးဆောင်သော  ပေါင်းစပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ပေးထားပါကြောင်း၊ ရေရှည်တည်တံ့ပြီး ဘေးဒဏ်ခံနိုင်ရည်ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရာတွင် အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ Asian Development Bank နှင့် United  Nations  Development Programme မှ တာဝန်ရှိသူများက မူဘောင်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက မူဘောင်စာအုပ်များကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များအား လွှဲပြောင်းပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

Sign Up

Upcoming Events