Author Archives: Hlaing ChoOo

  • ရေနံချောင်းမြို့၊ညောင်လှကမ်းနားရပ် မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့၊ ညောင်လှကမ်းနားရပ်၌ (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁) စုစာတို့အား(၁၄-၁၁-၂၀၁၈) ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ နိုဝင်ဘာ ၁၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H. E. Mr. Ichiro MARUYAMA က အဆိုပါဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ နိုဝင်ဘာလလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ လာသောစာရင်းအရ ပထမအသုတ်(၂၂၅၁)ဦးကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ ဘက်မှ ပြင်ဆင်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံပြီးနောက် လူသားချင်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ သဲကောကြီး (အ.ထ.က) စာသင်ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၆၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_nov2018

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံး၌် သဘာဝ ဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁၁-၂၀၁၈) ရက်နေ့မှ (၁၆-၁၁-၂၀၁၈) ရက်နေ့ အထိ သင်တန်းကာလ (၃) … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၃/၂၀၁၈) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် သံဖြူဇရပ်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဘုရင့်နောင်ခန်းမ၌် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၃/၂၀၁၈) အား သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁၁-၂၀၁၈) ရက်နေ့မှ (၁၆-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ပိုက်စလ ကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာ အ.လ.က(ပိုက်စလ)အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေး အသိ ပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီးကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြား ကာ အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ/သားများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သံအမတ်ကြီးများလာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ နိုဝင်ဘာ ၁၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား UNICEF ၊ ကူဝိတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ၊ မြန်မာနိုင်ငံ ဆိုင်ရာတူရကီနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံသံအမတ်ကြီးတို့က အဆိုပါဝန်ကြီးဌာန တွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ UNICEF East Asia and Pacific Regional Office(EAPRO)နှင့် တွေ့ဆုံရာတွင် မိမိတို့ ဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် UNICEF မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ချင်း ပြည်နယ်၊ … Read more

  • ဒုတိယဝန်ကြီး ဦးစိုးအောင်အား စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းဖိုရမ်(APF) မှလာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ နိုဝင်ဘာ ၁၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား စွမ်းဆောင်ရည် အကဲဖြတ်မှုအဖွဲ့၊ အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းဖိုရမ် (APF) သည် အဆိုပါဝန်ကြီးဌာနတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့် အရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာသူများ၊ ရွှေ့ပြောင်းသွားလာသူ အလုပ်သမားများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သဗြု ကုန်းကျေးရွာအုပ်စု၊ သဗြုကုန်းကျေးရွာ အ.လ.က (သဗြုကုန်း) အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာ သူ/သားများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ် အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့် … Read more

Sign Up

Upcoming Events