သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၃/၂၀၁၈) ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် သံဖြူဇရပ်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဘုရင့်နောင်ခန်းမ၌် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၃/၂၀၁၈) အား သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁၁-၂၀၁၈) ရက်နေ့မှ (၁၆-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_nov2018

Sign Up

Upcoming Events