လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် Rescue အဖွဲ့အစည်းနှင့် PLAN (Myanmar) အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိ ပညာများဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#kcn_nov2018