ဒုတိယဝန်ကြီး ဦးစိုးအောင်အား စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းဖိုရမ်(APF) မှလာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား စွမ်းဆောင်ရည် အကဲဖြတ်မှုအဖွဲ့၊ အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းဖိုရမ် (APF) သည် အဆိုပါဝန်ကြီးဌာနတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့် အရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာသူများ၊ ရွှေ့ပြောင်းသွားလာသူ အလုပ်သမားများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြင်ဆင် ရေး ဆွဲရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် နီးကပ်စွာဆောင်ရွက်နေမှုများ၊ ကော်မရှင်က သက်ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီများတွင် အဖွဲ့ဝင်များအဖြစ်ပါဝင် ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများအား လူ့အခွင့် အရေးနှင့်ပတ်သက်သည့် အသိပေးဆောင်ရွက်နေမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဆောင်ရွက်ပေးနေခြင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်နေမှုအခြေအနေများ၊ လူ့အခွင့်အရေးကော်မရှင်မှ အကြံပြု ချက်များအား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှု တို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
#hl2
#npw_nov2018

Sign Up

Upcoming Events