လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သဗြု ကုန်းကျေးရွာအုပ်စု၊ သဗြုကုန်းကျေးရွာ အ.လ.က (သဗြုကုန်း) အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာ သူ/သားများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ် အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_nov2018