သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံး၌် သဘာဝ ဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁၁-၂၀၁၈) ရက်နေ့မှ (၁၆-၁၁-၂၀၁၈) ရက်နေ့ အထိ သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_nov2018

Sign Up

Upcoming Events