ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H. E. Mr. Ichiro MARUYAMA က အဆိုပါဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ နိုဝင်ဘာလလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ လာသောစာရင်းအရ ပထမအသုတ်(၂၂၅၁)ဦးကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ ဘက်မှ ပြင်ဆင်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံပြီးနောက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သက်မွေးဝမ်း ကျောင်းသင်တန်းများ၊ Cash for Work Program များတွင် ဂျပန်နိုင်ငံမှ ပါဝင် ပူးပေါင်းကူညီနိုင်မည့်အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
#hl1
#npw_nov2018

Sign Up

Upcoming Events