ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သံအမတ်ကြီးများလာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား UNICEF ၊ ကူဝိတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ၊ မြန်မာနိုင်ငံ ဆိုင်ရာတူရကီနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံသံအမတ်ကြီးတို့က အဆိုပါဝန်ကြီးဌာန တွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ UNICEF East Asia and Pacific Regional Office(EAPRO)နှင့် တွေ့ဆုံရာတွင် မိမိတို့ ဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် UNICEF မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် စတင် ဆောင်ရွက်နေပြီဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွား သော ကလေးအသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer MCCT Program) ၏ အခြေအနေများ၊ ဆက်လက်၍ MCCT Programကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စများနှင့် အသစ်ရေးဆွဲနေသည့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ဥပဒေရေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုရေး ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်(Case Management Systerm) ဆောင်ရွက် နေမှုနှင့် Social Workers များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Social Work Institue တစ်ရပ်အား ရန်ကုန်မြို့တွင် တည်ထောင်ရန် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းမှု လျော့ချရေးအတွက် ကလေးသူငယ်ဘဝမှစတင်၍ အမြင့်မား ဆုံး ဖွံ့ဖြိုးမှုရရှိရေးအတွက် စောစီးစွာဆန်းစစ်သတ်မှတ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ(Early Childhood Intervention) ဆောင်ရွက်နိုင်ရေးကြိုးပမ်းနေမှုများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ရောက်ရှိလာ မည့်နေရပ်စွန့်ခွာသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စများ၊ နေရပ်စွန့်ခွာသူများအတွက် MCCT Programနှင့် လူမှုရေးပင်စင်စနစ်တို့အား ဆောင်ရွက်ပေးမည့် ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံရုံးမှ သံရုံးတာဝန်ခံဖြစ်သူ Mr. Adel M F A AL Adgham ၊ နော်ဝေနိုင်ငံသံအမတ်ကြီး H. E. Mrs. Tone Tinnes နှင့် တူရကီနိုင်ငံသံအမတ်ကြီး H. E. Kerem Divanhoglu တို့နှင့် သီခြားစီတွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံတွင် ဒုတိယဆင်းရဲမှုနှုန်းမြင့်မားသည့် ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ် တာဝန် ယူသည်မှစ၍ ဦးစားပေးဆောင်ရွက်နေစဉ်ကာလ အတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ARSA အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာမှုများဖြစ်ပေါ်လာမှုအပေါ် UEHRD ဖွဲ့စည်းဆောင်ရွက်မှုနှင့် ပြန်လည် လက်ခံရေး ကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့ပြီး ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပထမအသုတ် ၂၂၅၁ ဦး ပို့ဆောင်မည်ဖြစ်သည့်အတွက် ပြန်လည် လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို အသိပေးရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ အသီးသီးမှ အကူအညီပေးနိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နော်ဝေနိုင်ငံသံရုံးမှ မြေမြှပ်မိုင်းကိစ္စရပ်များ၊ မိုင်းအန္တရာယ် သတိပေးလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ကူညီထောက်ပံ့ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
#hl1
#npw_nov2018

Sign Up

Upcoming Events