လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ပိုက်စလ ကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာ အ.လ.က(ပိုက်စလ)အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေး အသိ ပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီးကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြား ကာ အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ/သားများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၄၂၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_nov2018