ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်းမြို့မအုပ်စု (ညောင်ရမ်းမြို့မ၊ ပြည်တော်သာ၊ အောင်မင်္ဂလာ၊ လက်ထပ်ကုန်း၊ မြို့မတောင်စု၊ ကွမ်းခြံ(အလယ်ပိုင်း)၊ ကွမ်းခြံ (မြောက်)) ညောင်ရမ်း(စျေး)အုပ်စု၊ ရေအိုးစင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောင်းကြီးရပ်ကွက်၊ မင်္ဂလာ ရပ်ကွက်၊ ဥယျာဉ်၊ တံတားဦး၊ စျေးရွာ၊ နတ်အင်း၊ ပျော့ကုန်း၊ မိုးညှင်း၊ စျေးတန်း၊ ကွမ်းခြံ(တ)ကေျးရွာများသို့ Covid-19 နှင့်စပ်လျဉ်း၍ သိရှိနလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ … Read more

  • Covid-19 ကာလအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့်ပူးပေါင်း၍ Covid-19 ကာလအတွင်းမြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကိုဟင်္သာတမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ (၃၀-၇-၂၀၂၀) ရက်နေ့တွင် (၉:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီချိန်ထိ (CDA) ၏ ဟင်္သာတမြို့စီမံကိန်းနယ်မြေအတွင်းရှိ ရေဘေး စခန်းဖွင့်လှစ်ခဲ့သော (သို့) ဖွင့်လှစ်ရန်လျာထားသည့်ဘုန်းတော်ကြီးကျောင်းများမှ ကျေးရွာကိုယ်စားလှယ်များအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်အသိပေး ပြင်ဆင်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုကြုံ တွေ့နေသော မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအုပ်စု၊ နှင်းဆီကန် ကျေးရွာမှ အိမ်ခြေ(၂၅ဝ)၊ အိမ်ထောင်စု(၂၅၀)၊ လူဦးရေ(၁၃၅၀)ဦးအတွက် သောက်သုံးရေဂါလံ(၄ဝဝဝ)အား (၃ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၀:၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2020 Source:   Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ခဲ့ကြသော လူနေအိမ်(၂၅)လုံး အိမ်ထောင်စု(၂၅)စု၊ ကျား(၃၄)ဦး၊ မ(၄၃)ဦး၊ လူဦးရေ(၇၇)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၅ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၇၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆၁,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၆၆၁,၇၀၀/-)ကျပ်၊ ဓါတ်ဆား (၂၅ဝ)ထုပ် (၂၈-၇-၂ဝ၂ဝ)ရက်နေ့ တွင် လည်းကောင်း ထပ်မံပြောင်းရွှေ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် အိမ်ခြေ(၉)လုံး၊ သံဃာ(၅)ပါး၊ အိမ်ထောင်စု(၉)စု၊ … Read more

  • မြစ်ရေကြီးမှုအားကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူအား ရေဘေးအသိပညာပေး လုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် (၁၉:၀၀) အချိန်မှ (၂၂:၀၀) အချိန်ထိပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ပေါ်ရှိ (၁/ ၂/၁၀) ရက်ကွက်များသို့ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fld #mgy_jul2020

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦး မြို့တွင် (၁)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်(၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့ တွင် (၁)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် … Read more