လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ခဲ့ကြသော လူနေအိမ်(၂၅)လုံး အိမ်ထောင်စု(၂၅)စု၊ ကျား(၃၄)ဦး၊ မ(၄၃)ဦး၊ လူဦးရေ(၇၇)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၅ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၇၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆၁,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၆၆၁,၇၀၀/-)ကျပ်၊ ဓါတ်ဆား (၂၅ဝ)ထုပ် (၂၈-၇-၂ဝ၂ဝ)ရက်နေ့ တွင် လည်းကောင်း ထပ်မံပြောင်းရွှေ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် အိမ်ခြေ(၉)လုံး၊ သံဃာ(၅)ပါး၊ အိမ်ထောင်စု(၉)စု၊ ကျား(၈)ဦး၊ မ(၁၂)ဦး၊ လူဦးရေ(၂ဝ)ဦးအတွက်၊ အိမ်/ကျောင်းဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,ဝဝဝ,ဝဝဝ/-)ကျပ်၊ သံဃာ(၅)ပါးနှင့် လူဦးရေ(၂ဝ)ဦးအတွက် ဆန်ရိက္ခာဖိုး(၅၂,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၅၂,၅၀ဝ/-)၊ ဓါတ်ဆား (၁ဝဝ)ထုပ်တို့အား (၂၉-၇-၂ဝ၂ဝ)ရက်နေ့တွင်လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)