Covid-19 ကာလအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့်ပူးပေါင်း၍ Covid-19 ကာလအတွင်းမြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကိုဟင်္သာတမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ (၃၀-၇-၂၀၂၀) ရက်နေ့တွင် (၉:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီချိန်ထိ (CDA) ၏ ဟင်္သာတမြို့စီမံကိန်းနယ်မြေအတွင်းရှိ ရေဘေး စခန်းဖွင့်လှစ်ခဲ့သော (သို့) ဖွင့်လှစ်ရန်လျာထားသည့်ဘုန်းတော်ကြီးကျောင်းများမှ ကျေးရွာကိုယ်စားလှယ်များအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်အသိပေး ပြင်ဆင်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar_fld
#ayy_jul2020

Sign Up

Upcoming Events