COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်းမြို့မအုပ်စု (ညောင်ရမ်းမြို့မ၊ ပြည်တော်သာ၊ အောင်မင်္ဂလာ၊ လက်ထပ်ကုန်း၊ မြို့မတောင်စု၊ ကွမ်းခြံ(အလယ်ပိုင်း)၊ ကွမ်းခြံ (မြောက်)) ညောင်ရမ်း(စျေး)အုပ်စု၊ ရေအိုးစင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောင်းကြီးရပ်ကွက်၊ မင်္ဂလာ ရပ်ကွက်၊ ဥယျာဉ်၊ တံတားဦး၊ စျေးရွာ၊ နတ်အင်း၊ ပျော့ကုန်း၊ မိုးညှင်း၊ စျေးတန်း၊ ကွမ်းခြံ(တ)ကေျးရွာများသို့ Covid-19 နှင့်စပ်လျဉ်း၍ သိရှိနလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ သဘာဝ​ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်  လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mdy_jul2020

 Source:    မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events