မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀) ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁/၂/၃/၄/၅)ရပ်ကွက်များတွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေး ကြေငြာများအားနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်သည့် ရှောင်ရန်/ဆောင်ရန်အချက်များနှင့် လက်ကမ်းစားစောင်များပါ အချက်အလက်များကို သဘာဝဘေးအသိပညာပေးခြင်းအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug2020

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ကယ်ဝှက်ကျေးရွာနှင့် ပန်ကြူကျေးရွာအုပ်စု၊ နမ့်ဆီ(၄)ကျေး ရွာတို့၌ (၃-၈-၂၀၂၀)ရက်နေ့၊ (၀၅:၀၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ် မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၆) စုနှင့် ဘုန်ကြီးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၁) ပတ်စာထောက်ပံ့ငွေ (၁၀၀၈၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့ရှိ ဧရာ၀တီမြစ်ရေတက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ပြည်သူများအား အားပေး၊ စားနပ်ရိက္ခာများထောက်ပံ့မှုသတင်း

    ဩဂုတ်၃၊ပြည်မြို့ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာ၀တီမြစ်ရေတက်မှုများကြောင့် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အချို့၏ အနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေဘေးဒဏ်ခံစားရသော ပြည်သူများအား သွားရောက်အားပေးခြင်း၊ စားနပ်ရိက္ခာနှင့် ဆန်ရိက္ခာဖိုး ငွေများ၊ COVID 19 ဆိုင်ရာပညာပေးခြင်းနှင့် အကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူများက သွားရောက်၍ အားပေးထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုက​လေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၃-၈-၂၀၂၀)ရက်နေ့၌ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ သပြုကုန်းကျေးရွာတွင် (၁၀:၀၀) နာရီအချိန်၌ လည်းကောင်း၊ ကျောင်းချောင်းကျေးရွာတွင် (၁၀:၃၀)နာရီအချိန်၌လည်းကောင်း၊ ကျွန်းက​လေး ကျေးရွာတွင် (၁၁:၀၀)နာရီအချိန်၌လည်းကောင်း၊ ရန်ကင်းစုကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌ လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် … Read more

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ပဒေသာ ကျေးရွာအုပ်စု၊ ပဒေသာ(တ/မ)ကျေးရွာတို့၌ (၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၃၂)စု၊ လူဦးရေ (၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၅,၆၀ဝ/-)ကျပ်အား (၃-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကျွန်းသစ်(ရ)ကျေးရွာ၌  (၃၀-၇-၂၀၂၀)ရက်နေ့၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးရှောင်ပြောင်းရွှေ့အိမ်ထောင်စု (၇၆)စု၊ လူဦးရေ (၂၉၅)ဦးတို့အတွက် ဆပ်ပြာ(၇၆)တောင့်နှင့် Mask (၂၉၅)တို့အား (၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)