လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ပဒေသာ ကျေးရွာအုပ်စု၊ ပဒေသာ(တ/မ)ကျေးရွာတို့၌ (၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၃၂)စု၊ လူဦးရေ (၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၅,၆၀ဝ/-)ကျပ်အား (၃-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)