Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပျံနှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #mon_aug2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၄-၈-၂၀၂၀)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ၊ အောက်ချောင်းကျေးရွာ၊ သဲကုန်းကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ သရက်ကုန်းကျေးရွာနှင့် လေးဆိပ်ကျေးရွာများတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းများနှင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံ မြို့နယ်အတွင်းရှိ ညောင်လမ်းကျေးရွာနှင့် ကမာမိုကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ စလေ မြို့၊ အမှတ်(၄) ရပ်ကွက်၊ စလေတောင်ကျေးရွာ၌ (၃၀-၇-၂၀၂၀) ရက်နေ့၊ ဧရာဝတီမြစ်ရေမြင့် တက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးရှောင်ပြောင်းရွှေ့အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၈) ဦးတို့အတွက် ဆပ်ပြာ(၁၃) တောင့်နှင့် Mask (၅၈) ခုတို့အား (၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ထိန်တော ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနှင့်ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ငါးကျီးကျေးရွာတို့တွင်(၃-၈ -၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၂)စုမှ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၁၄၇၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၂) စုအတွက် ဆပ်ပြာ (၂)တောင့်နှင့် လူဦးရေ (၇)ဦးအတွက် (၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၁၄) ခုတို့အား (၄-၈-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာ ကျေးရွာအုပ်စု၊ ဇေယျဝတီကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိ၍တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်အား မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ (၄-၈-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ပြည်သူလက် ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် #ha_sgw #bgo_aug2020 … Read more









