လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၈-၂၀၂၀) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ မိုးသက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၇၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် ASA kid(၁)စုံ တို့အားလည်းကောင်း၊ (၃-၈-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်၌ ပင်လယ်ဒီရေမြင့်တက်၍ ဒီရေလှိုင်းတိုက်ခတ်မှုကြောင့် ဂေါ်ဒူကျေးရွာမှလူနေအိမ် (၉)လုံးပြိုကျပျက်စီးခဲ့ရာ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၉)စုစာ၊ ASA kid (၉)စုံ နှင့် စုစုပေါင်းထောက်ပံ့ငွေ (၁,၀၇၁,၄၀ဝ/-)ကျပ်တို့အား (၅-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် အမာမြို့အထွေထွအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ha_fld
#ayy_aug2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)