ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့၌ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ငွေဖြူသောင်ရပ်ကွက်‌တွင် ပင်လယ်ရေတက်လာမှုကြောင့် ရေလှိုင်းပုတ်ခတ်၍ နေအိမ်ပြိုကျပျက်စီးမှု မ‌ဖြစ်စေရန်အတွက် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု(၂၈) စု၊ လူဦးရေ (၁၂၃)ဦးတို့အားအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅၈,၃၀ဝ/-) ကျပ်အား (၅-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#mon_aug2020

 

Sign Up

Upcoming Events