ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၊ (ဝ၉:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီး ထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာ၊ ကိုးသောင်းကျေးရွာ၊ တကုန်းကြီကျေးရွာအုပ်စု၊ တကုန်းကြီးကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ကံကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းအားလည်းကောင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေး​​ခြင်း၊ သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်မှ နေ့လည် (၁၂:၀၀) နာရီအထိ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင်းရှိ ရပ်ကွက်များဖြစ်သော အမှတ်(၄/၅/၆)တို့၌ Covid-19 ကူးစက်မြန်ရောဂါပြန့် ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ရှောင်ရန်အချက်များ အား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_aug2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၈.၂၀၂၀)ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေရွာအုပ်စု၊ ကုန်းညောင် ရပ်ရှိ မီးဘေးသင့်ခဲ့သည့် မြို့ဦးဘုန်းကြီးကျောင်းအတွက် (၇)ပေ သွပ် အချပ် (၄၀၀)အား ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိ၊ ခရိုင်သာသနာရေးမှူးတို့နှင့်အတူ ကျောင်းထိုင် ဆရာတော်ထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_aug2020  Source:   ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနနှင့်အတူပူးပေါင်း၍ (၁၄-၈-၂၀၂၀)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ သင်္ဃန်းကြီးကျေးရွာ၊ နလင်ကျော်ကျေးရွာ၊ ဥက္ကံကျေးရွာ၊ ကုန်းကြီး ကျေးရွာ၊ ကံကွင်းကျေးရွာ၊ ဇင်ရွဲလေးကျေးရွာ၊ ဒူးကုတ်ကျေးရွာ၊ ဝါးကုန်းကျေးရွာ၊ ဂုံညှင်းတန်း ကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ် သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗွီနိုင်းနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၊ ရေတွင်းကုန်းကျေးရွာ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်​​ခြေ (ဝါး-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၀၀၀၀၀/-)၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေကျပ် (၆၃၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၀၆၃၀၀/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့ကို (၁၄-၈-၂၀၂၀)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့မှ (၁၃-၈-၂၀၂၀) ရက်နေ့ထိ မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မကျီးစုတာပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ရွှေ့​ပြောင်းရ​သော အိမ်​​ခြေ/အိမ်​ထောင်စု(၇)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၇၀၀၀၀၀/-)၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ် (၅၄၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၇၅၄၆၀၀/-)ကျပ်ကို (၁၄-၈-၂၀၂၀)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၌  သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020  Source:   … Read more