ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့မှ (၁၃-၈-၂၀၂၀) ရက်နေ့ထိ မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မကျီးစုတာပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ရွှေ့​ပြောင်းရ​သော အိမ်​​ခြေ/အိမ်​ထောင်စု(၇)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၇၀၀၀၀၀/-)၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ် (၅၄၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၇၅၄၆၀၀/-)ကျပ်ကို (၁၄-၈-၂၀၂၀)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၌  သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2020

 Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events