
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်မှ နေ့လည် (၁၂:၀၀) နာရီအထိ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင်းရှိ ရပ်ကွက်များဖြစ်သော အမှတ်(၄/၅/၆)တို့၌ Covid-19 ကူးစက်မြန်ရောဂါပြန့် ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ရှောင်ရန်အချက်များ အား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#krn_aug2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)