Latest News
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ************************************************** ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဟုမ္မလင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့တွင် (၁)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၃)ရက်အတွင်း … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၅၀) နာရီအချိန်တွင် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၁၂)ခုရှိ အိမ်ထောင်စု(၉၂၇)စု၊ လူဦးရေ(၄၁၂၃)ဦးအတွက် ဆန်ရိက္ခာ (၃) လစာဖိုးထောက်ပံ့ငွေ (၁၁၁,၃၂၁,၀၀ဝိ/-)ကျပ်အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၈.၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်း ကျေးရွာ၌ (၁၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၄၅)ဦးနှင့် ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦး စုစုပေါင်း နေအိမ် (၁၂)လုံး၊ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မကျီးစုတာပြင်တွင် (၁၃-၈-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံ ငွေကျပ် (၂၀၀၀၀၀/-)၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ ကျပ်(၁၄၇၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၁၄၇၀၀/-)ကို (၁၇-၈-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက် စားပြီးကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၁၄-၈-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်(၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၂၅၂,၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၅,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၁) မျိုးပါ အိပ်ထောင်စု (၃) စုတို့အား (၁၇-၈-၂၀၂၀) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် သာယာ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်သင်တန်းကျောင်းများတွင် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် လေ့ကျင့်ပေးနိုင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုသတင်း
ဩဂုတ် ၁၆ ၊ ရန်ကုန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဥပဒေများအရ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များ၊ စာရိတ္တပြုပြင်ရန်လိုအပ်သော ကလေး သူငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးလူငယ်သင်တန်း ကျောင်းနှင့် မွန်ပြည်နယ် မော်လမြိုင်လူငယ်သင်တန်းကျောင်းတို့ကို ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါသင်တန်းကျောင်းများတွင် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်လေ့ကျင့်ပေးနိုင်ရန် လိုအပ်ချက်များ၊ လေ့ကျင့်သင်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ ပိုမိုစနစ်ကျစေရန် လူငယ်သင်တန်းကျောင်းလက်စွဲစာအုပ် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့် သင်တန်းကျောင်းများရှိ လူငယ်များ၏ … Read more









