လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မကျီးစုတာပြင်တွင် (၁၃-၈-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံ ငွေကျပ် (၂၀၀၀၀၀/-)၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ ကျပ်(၁၄၇၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၁၄၇၀၀/-)ကို (၁၇-၈-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)