လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက် စားပြီးကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၁၄-၈-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်(၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၂၅၂,၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၅,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၁) မျိုးပါ အိပ်ထောင်စု (၃) စုတို့အား (၁၇-၈-၂၀၂၀) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် သာယာ ဝတီမြို့နယ် ထွေအုပ်အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ha_rbe
#bgo_aug2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံး (ဘစမ)