Latest News
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့် မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၌ (၁၉-၈-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းမြှင့်တက်လာပြီး တာမခန်ကျေးရွာ၊ နန့်နား လှိုင်းရပ်ကွက်ဥရုချောင်းဘေးရှိ ကမ်းပါးမြေချောင်းရေတိုက်စားမှုကြောင့် နေအိမ်ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦးတို့်အတွက် (၇)ရက်စာဆန်ဖိုး ထောက်ပံ့ငွေ(၃၁,၅၀ဝိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁,၅၀ဝိ/-)ကျပ်အား (၂၁-၈-၂၀၂၀)ရက်နေ့၊ (၁၄:၅၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့၊ အမှတ်(၃) ရပ်ကွက်နေ ဦးဟန်ဇော်လင်း၏ နေအိမ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြေသားပျော့၍ မန်းကျီးပင်လဲ ပြိုကျပျက်စီးသွားသော အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်တို့ကို (၂၁-၈-၂၀၂၀) … Read more
-
Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၈.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျးရွာအုပ်စု၊ လောထောတနေား ကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ ဝှယ်သူတော်ကျေးရွာ၊ ထီးဒူးခူကျးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_aug2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ မှ (၂၀-၈-၂၀၂၀) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် မင်းကျောင်းကုန်းရပ်ကွက်နှင့် အလယ်ရပ်ရပ်ကွက်တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၁၅၆) ဦးတို့ အတွက် ဆပ်ပြာ (၄၀) ခဲ၊ အဝတ်mask (၁၅၆) ခုနှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၂၇၆၀၀/-) ကျပ် တို့ကို (၂၁-၈-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့ တွင် လေးမျက်နှာမြို့နယ်၊ မိုးကုတ်အုပ်စု၊ (မိုးကုတ်၊ စိန်တောင်၊ လှော်ကတား၊ အောက်စု၊ ကရင်ဝယ်)ကျေးရွာတို့တွင် နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ် မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော … Read more
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ (၂၀-၈-၂၀၂၀) ရက်နေ့ ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၇၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၉၆၀၀/-) ကျပ်၊ အဝတ် mask (၁၈)ခု၊ ဆပ်ပြာ (၄) တောင့်အား (၂၁-၈-၂၀၂၀) ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_aug2020 Source: … Read more









