
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့် မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၌ (၁၉-၈-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းမြှင့်တက်လာပြီး တာမခန်ကျေးရွာ၊ နန့်နား လှိုင်းရပ်ကွက်ဥရုချောင်းဘေးရှိ ကမ်းပါးမြေချောင်းရေတိုက်စားမှုကြောင့် နေအိမ်ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦးတို့်အတွက် (၇)ရက်စာဆန်ဖိုး ထောက်ပံ့ငွေ(၃၁,၅၀ဝိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁,၅၀ဝိ/-)ကျပ်အား (၂၁-၈-၂၀၂၀)ရက်နေ့၊ (၁၄:၅၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#kcn_aug2020