လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ (၂၀-၈-၂၀၂၀) ရက်နေ့ ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၇၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၉၆၀၀/-) ကျပ်၊ အဝတ် mask (၁၈)ခု၊ ဆပ်ပြာ (၄) တောင့်အား (၂၁-၈-၂၀၂၀) ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_aug2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)