
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ မှ (၂၀-၈-၂၀၂၀) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် မင်းကျောင်းကုန်းရပ်ကွက်နှင့် အလယ်ရပ်ရပ်ကွက်တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၁၅၆) ဦးတို့ အတွက် ဆပ်ပြာ (၄၀) ခဲ၊ အဝတ်mask (၁၅၆) ခုနှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၂၇၆၀၀/-) ကျပ် တို့ကို (၂၁-၈-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#kcn_aug2020