ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့၊ အမှတ်(၃) ရပ်ကွက်နေ ဦးဟန်ဇော်လင်း၏ နေအိမ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြေသားပျော့၍ မန်းကျီးပင်လဲ ပြိုကျပျက်စီးသွားသော အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်တို့ကို (၂၁-၈-၂၀၂၀) နေ့တွင် မဟာမင်းကျောင်းကယ်ဆယ်ရေးစခန်းတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#sgg_aug2020

Sign Up

Upcoming Events