ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • UEHRD ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း COVID 19 ကူးစက်ပျံ့နှံမှုဖြစ်စဉ် အတွက် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

      ဩဂုတ်လ ၂၃ ရက်၊ နေပြည်တော်           ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်း COVID 19 ကူးစက်ပျံ့နှံမှုဖြစ်စဉ်အတွက် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ UEHRD ကော်မတီ … Read more

  • မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက် လျက်ရှိ

    ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများသို့ ရေဝင် ရောက်မှုများဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၂၄၂)စု၊ လူဦးရေ(၁၀၁၂)ဦး ယာယီရေဘေးရှောင်နေရာများ သို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၈၁)ဦး နီးစပ်ရာဆွေမျိုး နေအိမ်များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရပါသည်။ (၂၃-၈-၂၀၂၀)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူလိုက်ပါ၍ ရေဝင်ပြောင်းရွှေ့ ခဲ့ရသည့် ရပ်ကွက်များရှိ ယာယီရေဘေးရှောင်နေရာများသို့သွားရောက်ကာ … Read more

  • Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၃-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကျုံတုံးကလေးကျေးရွာအုပ်စုရှိ ရွာကြီးဘက်ကျေးရွာ၊ ရွာလေးဘက်ကျေးရွာ၊ ဇလုပ်ကျေးရွာ၊ တလိုင်းစုကျေးရွာ၊ အစုကြီးကျေးရွာ၊ ကြွက်နီကျွန်းကျေးရွာနှင့် ဘုရားဘက်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည့်လည်ဟောပြောခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာဖြန့်ဝေခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတော(တ)(မ)ကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ပေါက်ပင်ကျေးရွာ၊ လယ်တော်ကျေးရွာ၊ ဘုဘကျေးရွာ၊ ညောင်ဖြူပင် ကျေးရွာ၊ သစ်ဆိမ့်ကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ကြောင်ဝပ် ကြီးကျေးရွာ၊ ကြောင်ဝပ်ကလေးကျေးရွာ၊ ပုဏ္ဏားမှော်ကျေးရွာ၊ မြင်သာကျေးရွာနှင့် အမြင့်ကျေးရွာများတွင် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပါးပြိုကျမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် ကနီမြို့နယ်၊ ကဲဒေါင်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း ကမ်းပါးပြိုကျမှုအခြေအနေအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ၁/၂ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေမြစ်ဖြိုးတိုင်းဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး မီးသတ်ဦးစီးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #sgg_aug2020

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက် နေ့တွင် မြိတ်သံသရာအေးအထောက်အကူပြု လူမှုကူညီရေးအသင်း၊ ချစ်ကြည်ရေး ကျန်းမာရေးအထောက်အကူပြုအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်း၊ ဝံဋသကနာရေးနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း၊ ဓမ္မဇောတကျန်းမာရေး အထောက်အကူပြုအသင်း၊ မေတ္တာရှင်ကျန်းမာရေးအထောက်အကူပြုအသင်း၊ သဒ္ဒါသွေးနှင့်ကျန်းမာရေး အထောက် အကူပြုပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ အောင်မင်္ဂလာ၊ ထားဝယ်ကမ်း၊ မြို့သစ်၊ အိုးလုပ် ပြင်၊ မြိတ်တောင်၊ ရွှေပေး၊ ဆန္ဒဝတ်၊ ရွှေပြည်တန်၊ ဇေယျာသီရိရပ်၊ ထားဝယ်စု၊ မြစ်ငယ်ရပ်၊ ကန်ကြီးရပ်၊ ရေနံမြေ၊ တပ်ပြင်ဈေး၊ ဆိပ်ငယ်ဈေးကြီး၊ … Read more