
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (၁၁း၁၅) နာရီအချိန် တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံး (၆၀’×၄၀’×၂၈’) ပေ RCC(၂)ထပ် သွပ်မိုး၊ ကွန်ကရစ်၊ ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်း (၈၀%) ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သစ်လွင်ဦးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တာဝန်ခံများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#office
#mdy_aug2020