Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်များသို့ မိဘပြည်သူများ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန်များကို ကျွန်းလှမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_aug2020

Sign Up

Upcoming Events