Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) နေ့ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၊ သပြေသာကျေးရွာ၊ မြိုက်ကျေးရွာနှင့် အုတ်ရှစ်ကန်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှူ ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_aug2020

Source:  ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events