ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်အုပ် ချုပ်ရေးမှူးတို့နှင့်အတူ (၂၄-၈-၂၀၂၀) ရက်နေ့တွင် ချင်းတွင်းမြစ်ရေရေလျှံမှုကြောင့် ရေဝင် ပြောင်းရွှေ့ခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာမှ ရေဝင်ပြောင်းရွှေ့နေအိမ်(၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ( ၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀ဝ/-)ကျပ်၊ ဆပ်ပြာ( ၁၃) တောင့်၊ အဝတ် mask( ၅၄) ခုတို့အား (၂၆-၈-၂၀၂၀) ရက်နေ့(၁၀:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့သွား ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#sgg_aug2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events